Monday, May 8, 2017

FACEBOOK အသုံးပြုနည်းပေါင်း (၁၀၀) ကျော် APK



အလုပ်ပိတ်ရက်တွေမှာ Facebook အသုံးပြုနည်းများစွာကို လေ့လာနိုင်ဖို့ Myanmar Fb Guide ဆော့ဝဲလေးကို ဆောင်ထားနိုင်ပါပြီ  Facebook အသုံးပြုနည်းများကို အသေးစိတ်လေ့လာချင်သူများ Facebook အသုံးပြုနည်းပေါင်း (၁၀၀) ကျော်ကို လွယ်လွယ်ကူကူ လေ့လာနိုင်ပါပြီ။ နမူနာပုံလေးတွေ ကြည့်ကြည့်ပါ တကယ်အသုံးဝင်မှန်း သိပါလိမ့်မယ် ။ Facebook ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ကြပါစေ။ Myanmar Fb Guide ဆော့ဝဲလေးကို မည်သူမဆို ပြန်လည်မျှဝေနိုင်ပါတယ် 👍👍  အောက်ကလင့်များမှာ ဒေါင်းယူပါ

Credit & Ref=Org




ဝင်းလှိုင်-နည်းပညာ

DM 6.28 BUILD 9 FULL CRACKED WITH NEW TOOLBAR STYLE! [2 MAY, 2017]

Internet Download Manager 6.28 Build 9 Latest Version ပါ.... EXE ဖိုင်လ်ကို Double-Click နဲ့ Install လုပ်ပေးရုံပါပဲ..။ Just Download & Install.

New! Internet Download Manager v6.28. Added Windows 10 compatibility. Fixed compatibility problems with different browsers including Internet Explorer 11, all Mozilla Firefox versions up to Mozilla Firefox Aurora, Google Chrome. Improved FLV grabber to save videos from web players on web pages, Google Video, MySpace TV, and other popular sites

Internet Download Manager 6.28 Build 9 Full Cracked (Released: May 2, 2017)
Just Download & Install
Enjoy!


YOGA FITNESS APP V6.1.51 [FULL]


ကျန်းမာရေးအတွက် ထိရောက်စေတဲ့ နည်းလမ်းမှန် Yoga လေ့ကျင့်ခန်းတွေဖေါ်ပြပေးထားတဲ့ App ပါ..။
လိုအပ်သူများ ဒေါင်းယူနိုင်ပါတယ်..။ [Full Version ပါ]
Yoga Fitness App v6.1.51 [FULL]
Daily Yoga is the best yoga app on Android which guards your health everyday with your own yoga studio on the go!
Voted as Best Yoga App of 2015 by Healthline – the most popular mobile yoga studio app in your pocket!
Daily Yoga is a yoga coaching app suitable for all level – beginners, intermediate and advanced. More than 50 HD yoga exercises and 500 yoga poses are shown in beautiful HD video, live voice guide and soothing yoga music.
Plan to burn fat, lose weight, get relaxed and relieve stress? 
This fitness app facilitates the most convenient home exercises, not only nourishes your health but also spares you all the tiresome workouts and help you achieve fitness goals with yoga studio on the go.

★ No.1 Yoga Coaching & Fitness App on Google Play
★ ‘appAttack selected Top 50 – the mobile industry’s most innovative apps’ by GMIC
★ Enjoyed by over 1000,0000 yoga fans worldwide
★ Featured in Today’s App of Sony Select
For more information, please visit our official website: http://www.dailyyoga.com 



မိုဘိုင်းဖုန်းမှ မြန်မာစာပြဿနာ (အင်တာနက် BROWSER မှ မြန်မာစာ) [NO ROOT NEED]

Root ဖေါက်မထားတဲ့ မိုဘိုင်းဖုန်းတွေရဲ့ အင်တာနက် Browser မှာ မြန်မာစာတွေပေါ်နေပြီး ဖတ်မရတဲ့  အခတ်အခဲကို ပြေလည်စေရုံမျှ ရည်ရည်ရွယ်ပါတယ်။ (တော်တော်များများ မေးနေကြလို့တင်ပေးခြင်းဖြစ်ပြီး ဖုန်းတိုင်းမှာတော့ အဆင်ချင်မှ ပြေပါမယ်ခင်မျာ) 

Firefox Browser ကိုအသုံးပြုပါ...  Google Play Store မှာ ဒေါင်းယူ Install လုပ်နိုင်ပါတယ်။ Play Store အဆင်မပြေသူများကတော့ ဒီနေရာလေးကိုနှိပ်ပြီး ဒေါင်းယူ Install လုပ်ပါ။

 မြန်မာစာတွေပေါ်နေပြီး ဖတ်မရဖြစ်နေတာကိုတော့ ဖုန်းမှာ အင်တာနက်ဖွင့်လျှက် Firefox Browser ကနေ ဒီ Tagu Add On လေးကို ထည့်ပေးလိုက်ပါခင်မျာ..။

ပြီးရင် Firefox Browser ကို ပိတ်ပြီး ပြန်ဖွင့်ကြည့်လိုက်ပါ... ဖတ်မရတဲ့ မြန်မာစာတွေ အဆင်ပြေပြေဖတ်လို့ရနေတာတွေ့ရမှာပါ..။


(မြန်မာစာတွေပေါ်နေပြီး ဖတ်မရတဲ့  အခတ်အခဲလေးကို ပြေလည်စေရုံမျှ ရည်ရည်ရွယ်ခြင်းဖြစ်ပါတယ်)

Good Luck!

Saturday, April 15, 2017

♪ " အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿနာများ " ♫



Image may contain: phone and screen

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက iPhone 6 ပါ။ လွတ်ကျတာကနေ LCD မှာ တဖျတ်ဖျတ်ဖြစ်နေတယ်။ ပြင်လို့ရလားအစ်ကို။
ဖြေ - ဟုတ်အစ်ကို ရပါတယ်ဗျာ။ LCD ကြိုးနဲ့ LCD Socket မမိရင် ဖြစ်တတ်ပါတယ်ဗျာ။ မမိရင် LCD Display မပြတ်ဘဲနဲ့ အဖြူရောင်ပဲပေါ်တာ၊ အစင်းရာတွေဘဲထင်တာဖြစ်နိုင်သေးတယ်ဗျာ။ တစ်ခါတစ်ရံပြန်တည့်အောင် လုပ်ပေးရုံနဲ့ရပေမယ့် Socket လဲမှရတာလည်းရှိပါတယ်။ မရသေးဘူးဆိုရင်တော့ LCD Display ကိုထောက်ပံ့ပေးတဲ့ Backlight ပိုင်းထိလိုက်ရတတ်ပါတယ်။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်း Mi Note 2 လေး Speaker ဖွင့်ပြောရင် တစ်ဖက်က မကြားရဘူး။ Speaker ပိတ်ပြောရင်တော့ ရတယ်။ နောက်ပြီး Video ရိုက်ရင်လည်း အသံမကြားရဘူးဗျာ။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့ဖုန်းက Second Mice လေးမကောင်းလို့ဖြစ်တာပါ။ နီးစပ်ရာ Service ဆိုင်ကိုပို့ပြီး ပြင်လို့ရပါတယ်ခင်ဗျာ။

မေး - မောင်လေးရေ အစ်မဖုန်း J7 (2015) လေးက ဖုန်းကိုသုံးနေရင်းနဲ့ Shutdown ကျသွားတယ်။ ပြီးတော့ Logo လည်ပြီး ပါဝါပြန်တက်လာလိုက်နဲ့ ဖြစ်နေတယ်။
ဖြေ - ဟုတ်ကဲ့။ ချစ်မကြီးရေ အဲ့တာက Software ကြောင့်လည်း ဖြစ်တတ်ပါတယ်။ Software ပြန်ရေးကြည့်ရပါမယ်။ မရရင်တော့ Hardware ပိုင်း Error အရ Sleep Mode ဖြစ်တယ်လို့ ခေါ်ပါတယ်ခင်ဗျာ။

မေး - အစ်ကိုရေ ကျွန်တော့်ဆိုင်ကို Huawei ဖုန်းတစ်လုံးရောက်လာပါတယ်။ Customer က ပြောတယ်။ ဖုန်း Screen ပေါ်မှာ Unfortunat-ely အဲ့လိုစာသားပြတယ်။ OK နှိပ်ကြည့်တယ်။ ဘယ်လိုမှနှိပ်လို့မရဘူး။ အဲ့ဒီနေရာကိုပြန်ရောက်သွားတယ်။ အဲ့ဒီပြဿနာကို ဘယ်လိုရှင်းရမလဲ။
ဖြေ - အစ်ကိုရေ အဲ့ဒီ Huawei ဖုန်း Virus ကိုက်လို့ ကျွန်တော်ရေးကြည့်တယ်။ ဒါပေမဲ့ မရဘူး။ Firmware ရေးတာလည်း စုံလင်နေပါပြီ။ ဘယ်လိုမှရေးလို့မရပါဘူး။ တကယ်တမ်းကြတော့ အဲ့ဒီဖုန်းက EMMC ပျက်ခါနီးဖြစ်နေတာကြောင့် Firmware ရေးလို့ မအောင်မြင်နိုင်ပါဘူး။ Customer ပို့တဲ့အတိုင်းပဲပြန်ဖြစ်ပါတယ်။ ဒါဆိုရင် Virus ကိုက်တဲ့ဖုန်းတွေမှာ Firmware ရေးတိုင်းပြန်ကောင်းမယ်ဆိုပြီး ယူဆလို့မရဘူးဆိုတာ ကျွန်တော်သိလိုက်ပါပြီ။

မေး - အစ်ကိုတို့ရေ Honor 4x ဖလတ်မီးမလင်းလို့ ဘယ်လိုလုပ်ရမလဲဆိုပြီး ဆိုင်ကိုလာပြသော Error လေး Honor 4x မှာ ဖလတ်မီး Error အတက်များတယ်။ ကျွန်တော်ရှင်းပေးလိုက်ပါတယ်။
ဖြေ - အစ်ကိုတို့ရေ Honro 4x မှာ ဖလတ်မီးမလင်းတာမဟုတ်ပါဘူး။ ဖလတ်မီး apk Version များ မကိုက်တာဖြစ်သည့် Honor 4x နဲ့ရတဲ့ ဖလတ်မီး apk ရဲ့နာမည်ကတော့ Flash Ring.apk နဲ့ ရပါတယ်။ အဆင်ပြေပါတယ်။ Honor 4x ဖုန်းတိုင်းအတွက်ဖြစ်ပါသည်။

မေး - အစ်ကိုတို့ရေ MPT, Telenor, Ooredoo, MEC, Sim Card များကို မှတ်ပုံတင်ဖို့အတွက် အလွယ်တကူလုပ်တဲ့နည်းလေးကို တင်ပေးလိုက်ပါတယ်။
ဖြေ - အစ်ကိုတို့ရေ MPT, Telenor, Ooredoo, MEC ဖုန်းများကို မှတ်ပုံတင်ပြီးမပြီးဆိုတာသိနိုင်ဖို့ Code နဲ့ရိုက်စစ်လို့ရပါသည်။ MPT Code နံပါတ်မှာ *601# Telenor Code နံပါတ်မှာ *979*3*3# Ooredoo Code နံပါတ်မှာ *666# MEC ဖုန်းကတော့ အင်တာနက် Browser ဖွင့် www. MECcom.mm ထဲသို့ဝင်၍ ဖုန်းနံပါတ်ရိုက်ထည့်ကြည့်လိုက်ပါ။ Register ပြုလုပ်ပြီးပါက Already Registered ဆိုသော စာတန်းပေါ်လာလိမ့်မယ်။ အားလုံးအဆင်ပြေသွားပါလိမ့်မည်။ APK သုံးချင်ပါက MM-SIM.APK Download ဟုရိုက်ပါ။ အားလုံးအဆင်ပြေသွားပါလိမ့်မည်။

မေး - ကျွန်တော့်ဖုန်းက Y-511 Huawei အမျိုးအစားပါဗျာ။ ရုပ်ထွက်မလာဘူး။ LCD က ဖွေးနေတယ်။ ဘယ်လိုလုပ်ရမလဲဗျာ။
ဖြေ - Y-511 တွေမှာဆိုရင် Coil, Condencer, Diocle တို့က Backlight ပိုင်းမှာ အဓိကလုပ်ဆောင်ပါတယ်။ အခုလို LCD ဖွေးနေတာကတော့ LCD Connector နားက Fuse 3 လုံးကြောင့်ဖြစ်ပါတယ်။ အဲ့ဒီ Fuse လေးတွေကို သေချာလဲလှယ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Home Key, Back Key က မီးတွေက ဖွင့်လိုက်၊ ပိတ်လိုက်ဖြစ်နေတယ်။ ဖုန်းအမျိုးအစားက Y 300 ပါ။ ဘာလုပ်ရမလဲဗျ။ အကြံပေးပါဦး။
ဖြေ - အစ်ကိုခင်ဗျာ အဲ့ Error က Power ပိုင်းက ဖြစ်နေတာပါ။ ကြာရှည်သုံးလို့တော့ မကောင်းပါဘူး။ Power သေတဲ့အထိ ဖြစ်ပါလိမ့်မယ်။ နီးစပ်ရာ Service ဆိုင်ကို ပြကြည့်ပါ။



ဤကဏ္ဍကို Today’s Mobile ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ မှ ကူညီပံ့ပိုးပါသည်။

Credit to www.winkabarkyaw.net

♪ “SAMSUNG GALAXY S8, S8+ မှာထည့်သွင်းပေးထားတဲ့ လုံခြုံရေးနည်းပညာတွေအကြောင်း” ♫



Image may contain: 1 person, text

စမတ်ဖုန်းများမှာအရေးကြီးတဲ့ကိုယ်ရေးကိုယ်တာသတင်းအချက်အလက်များကိုသိမ်းဆည်းထားတဲ့အတွက်လုံခြုံရေး ဟာဦးစားပေးအရာဖြစ်ပါတယ်။ အဲဒီအတွက်သင့်ဖုန်းမှာမျက်စိကိုစစ်ဆေးပေးနိုင်တဲ့Iris Scanning ဟာမရှိ မဖြစ် လိုအပ်ပါ တယ်။သင့်ရဲ့ဒေတာများကိုအလုံခြုံဆုံးနဲ့အဆင်အပြေဆုံး ကာကွယ်ပေးနိုင်တဲ့နည်းလမ်းဖြစ်ပါတယ်။Samsung ရဲ့လုံခြုံရေး ဆော့ဝဲ ဖြစ်တဲ့ Knox ဖြင့်ကာကွယ်ပေးထားပါတယ်။Samsung အနေနဲ့Note 7 ဖုန်းတွေမှာပထမဆုံးထည့်သွင်းပေး လာခဲ့တဲ့နည်းပညာဖြစ်ပြီးအခုတော့ Galaxy မှာပါထည့်သွင်းပေးလာခဲ့ပါပြီ။ကျွန်တော်တို့မျက်လုံးရဲ့Patterns များဟာအလွန်ရှုပ်ထွေးပြီးလူတစ်ယောက်တည်းမှာကိုပဲသူ့မျက်လုံးနှစ်လုံး ဟာ မတူညီကြပါဘူး။မျက်လုံးကိုစစ်ဆေးခြင်းဟာS8မှာဘာအမှတ်အသားမှ မကျန်စေပါဘူး။အဲဒီအတွက်အခြား လူများပုံတူကူးလို့လည်းမရပါဘူး။သင့်ရဲ့ ဒေတာများကိုကာကွယ်ဖို့အလုံခြုံဆုံးနည်းလမ်းပါပဲ။

ဒီနည်းပညာဟာစိတ်ကူးယဉ်science fiction တွေကနေတကယ့်science fact ဖြစ်လာတဲ့အချက်ဖြစ်ပါတယ်။Iris scanning နည်းပညာဟာတစ်ခုနဲ့တစ်ခု ချွတ်စွပ်တူတဲ့မျက်ကြည်လွှာအရစ်မရှိဘူးဆိုတဲ့အချက်ကိုအခြေခံထားတာပါ။ မျက်လွှာအရစ်မှာtexture ပိုင်း၊အရောင်ပိုင်းရှိနေတဲ့တစ်ရှူးတွေဟာလူတွေမှာ တစ်ယောက်နဲ့တစ်ယောက်တူညီမှုမရှိကြပါဘူး။မျက်လွှာအရစ်တွေဟာ အမိဝမ်းဗိုက်ထဲမှာပေါ်ချင်သလို ပုံပေါ်လာတာဖြစ်ပြီးအသက်၈လအရွယ်မှာ လုံးလုံးလျားလျားပြည့်စုံသွားပါတယ်။အဲဒီအချိန်ကစလို့တစ် ဘ၀လုံးအပြောင်းအလဲမရှိတော့ပါဘူး။Iris scan လုပ်နေချိန်မှာCCD digital camera ကမျက်လုံး ကိုhigh contrast ပုံတွေရိုက်ကူးလိုက်ပါတယ်။ မြင်ရတဲ့အလင်းလှိုင်းတွေ ကိုရော၊ မမြင်နိုင်တဲ့အနီအောက်ရောင်ခြည်နဲ့ပါရိုက်ကူးတာပါ။မျက်ကြည်လွှာ ရဲ့အရစ်ဟာမျက်နက်သားနဲ့မျက်ဖြူသားတို့ရဲ့စပ်ကြားနေရာလေးမှာရှိနေ တာဖြစ်ပါတယ်။Pattern recognition software ဟာဒီအရစ်ကိုmap လုပ်ပြီး၊ အရာတွေ၊အစင်းတွေကိုမှတ်သားပါတယ်။

Iris recognition system တွေဟာbiometric technologies တွေထဲမှာ မှန်ကန်မှုအရှိဆုံးပါပဲ။သူ့မှာက အခြားသောနည်းပညာတွေထက်reference point တွေပို၍ပါဝင်လာပါတယ်။ဥပမာfingerprint မှာ ဆိုရင်၆၀ကနေ ၇၀လောက်ပဲရှိပေမယ့်Iris မှာကအချက်ပေါင်း၂၀၀လောက်ရှိပါတယ်။ မျက်ကြည်လွှာအရစ်ကိုတိုင်းတာတဲ့Iris scanner နဲ့မျက်ကြည်လွှာRetina ကိုတိုင်းတာတဲ့စနစ်၊အဲဒီနှစ်ခု မတူပါဘူး။Retina ကိုတိုင်းတာကမျက်လုံး နောက်ဘက် ကသွေးကြောတွေရဲ့pattern တွေကိုတိုင်းတာတာပါ။

Samsung ဟာအစဉ်အလာလိုထည့်သွင်းလာတဲ့Home Button ကိုဖြုတ်လိုက် မှုကြောင့်ကြီးမားတဲ့မျက်နှာပြင်ကိုဖန်တီးလာပါတယ်။သို့ပေမယ့်Samsung အနေနဲ့လက်ဗွေရာစနစ်ကိုတော့ဖုန်း ရဲ့နောက်ကျောဘက်မှာထည့်သွင်းပေးထားပါသေးတယ်။သင့်အနေနဲ့လုံခြုံရေးစနစ်ကိုနောက်မှာထည့်သွင်းထားတာမကြိုက်ဘဲရှေ့မှာပါတာမျိုးကိုမှကြိုက်တယ်ဆိုရင်လည်းနောက်တစ်မျိုး သုံးနိုင်အောင်ထည့်သွင်းပေးထားပါသေးတယ်။Samsung ဟာမျက်နှာစကင်စနစ် ထည့်သွင်းပေးထားပါတယ်။သင့်အနေနဲ့ဖုန်းရှေ့မှာမျက်နှာထားလိုက်ရုံဖြင့် ဖုန်းကိုဖွင့်နိုင်ပါမယ်။ဖုန်း လုံခြုံရေးအတွက်ပိုမိုစိတ်ချရလာစေပါတယ်။မျက်နှာစကင်စနစ်ကလည်းအလွန်လျင်မြန်လှပါတယ်။ဒီစနစ်ဟာကျွန်တော်တို့ရဲ့ မျက်နှာသွင်ပြင်ကိုကြည့်ပြီးဘယ်သူဘယ်ဝါဆိုတာခွဲခြားပေးမယ့်စနစ်ဖြစ်ပါ တယ်။လူသားတွေဟာမျက်နှာတွေကိုမှတ်သားတာ၊မှတ်သားထားတဲ့မျက်နှာ တွေကိုဘယ်သူဘယ်ဝါခွဲခြားတာတွေလုပ်ပေးနိုင်စွမ်းရှိပါတယ်။ဒီအလုပ်ကို လုပ်ဖို့အတွက်ဦးနှောက်ရဲ့အတွင်းပိုင်းမှာသီးသန့်နယ်ပယ်တစ်ခုရှိနေပါတယ်။ဒါပေမယ့်ကွန်ပျူတာတွေကလည်းသဘာဝကိုအမီလိုက်နိုင်ခဲ့ပါပြီ။Automatic facial recognition systems တွေဟာလူတွေရဲ့မျက်နှာကျကိုမှတ်သားပြီး၊ ခွဲဖြာလေ့လာတဲ့အတတ်ပညာဖြစ်ပါတယ်။ဓာတ်ပုံတွေ၊ဗီဒီယိုတွေ၊ဒါမှမဟုတ် 3D surface maps တွေကိုအသုံးပြုထားတဲ့နည်းပညာပါ။ 

ဒီနည်းပညာမှာfaceprintဆိုတာကိုမျက်နှာပေါ်မှာရှိနေတဲ့အသက်အရွယ်ကို လိုက်ပြီးပြောင်းလဲမှုမရှိတဲ့ အမှတ်တွေကိုတိုင်းတာထားပြီးမှတ်သားထားတာပါ။အထူးသဖြင့်တော့မျက်တွင်းတွေရဲ့အရွယ်အစား၊ မျက်လုံးနှစ်ခုကြားအကွာ အဝေး၊နှာခေါင်း၊ပါးစပ်နဲ့မေးရိုးတွေ၊နားခေါင်းပေါက်တွေရဲ့အကျယ်နဲ့ပါးစောင်ရိုးရဲ့တည်ဆောက်ပုံတွေကိုအဓိကတိုင်းတာတာပါ။ဒီနည်းပညာမှာကလူကိုယ် တိုင်ကြီးမတ်တပ်ရပ်ပြီးကင် မရာရှေ့မှာနေနေစရာမလိုဘဲ၊ဘယ်သူမှမသိ အောင်အဝေးကနေလှမ်းပြီးထောက်လှမ်းနိုင်တဲ့အတွက်surveillance လုပ်တဲ့လုပ်ငန်းမျိုးတွေမှာသိပ်အသုံးဝင်ပါတယ်။3Dစနစ်ကြောင့်အမှောင်ထဲ မှာလည်းပဲဒါကိုအသုံးပြုနိုင် ပါတယ်။ရိုက်ထောင့်အနေနဲ့လည်း၉၀ဒီဂရီအထိ လက်ခံနိုင်ပါတယ်။စနစ်ဟာအမှားလုံးဝမရှိတာမျိုးမဟုတ်ပေမယ့်လည်း အတော်ကလေးတော့လုံခြုံမှုရှိပါ တယ်။

စမတ်ဖုန်းတွေ၊လေဆိပ်တွေမှာအသုံးပြုတဲ့fingerprint scanners တွေ ဘယ်လိုအလုပ်လုပ်သလဲ။fingerprint တွေကိုသုံးပြီး၊indentificationတွေ လုပ်ပေး တဲ့စနစ်ဟာကမ္ဘာပေါ်မှာရှေးအကျဆုံးနဲ့အကျယ်ပြန့်ဆုံးအသုံးပြု နေတဲ့ biometic method ဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့လက်ဗွေရာတွေဟာ ခရုပတ်ပုံတွေ၊ ရစ်ဘီးနဲ့ရစ်ထားသလိုအရစ်အရစ်တွေ၊အကုံးအကွေ့တွေဟာ အမိဝမ်းတွင်းမှာသူ့ဟာနဲ့သူကျ ပန်းပေါ်ပေါက်လာတဲ့ဟာတွေဖြစ်ပါတယ်။ အမေ့ဗိုက်ထဲကထွက်လာကတည်းကသေတဲ့အချိန်အထိမပြောင်းလဲတော့ပါဘူး။နှင်းပွင့်လေးတွေမှာလိုပဲသူတို့မှာလည်း ဖြစ်နိုင်ခြေပုံစံအနေနဲ့ကအရေ အတွက်အဆုံးအစမရှိပါဘူး။သိပ္ပံပညာရှင်တွေအနေနဲ့ချွတ်စွပ်တူတဲ့ လက်ဗွေရာနှစ်ခုမရှိနိုင်ဘူးလို့ယူဆထားကြပါတယ်။ရှေးခေတ် ဘာဘီလုံ မြို့သားတွေဟာလက်ဗွေရာတွေကို ကျွန်တော်တို့အခုခေတ်လက်မှတ်ထိုးသလိုအသုံးပြုခဲ့တယ်ဆိုတဲ့အထောက်အထားတွေတွေ့ခဲ့ရပေမယ့်၊ တကယ်တမ်း စနစ်တစ်ကျအသုံးပြုခဲ့တာကတော့၁၈၉၂မှာSir Francis Galton က လက်ဆယ်ချောင်းစလုံးအတွက်လက်ဗွေရာတွေကိုမှတ်တမ်းပြုစစ်ဆေးနိုင် မယ့်နည်းလမ်းကိုဖန်တီးပေးခဲ့ တာဖြစ်ပါတယ်။လက်ဗွေရာမှာပါတဲ့အစမှတ် လေးတွေ၊လိုင်းတစ်ခုကနေနှစ်ခုဖြာပြီးကွဲသွားတာတွေအဲဒီလို မျိုးlandmark နေရာတွေကိုစနစ်တကျစစ်ဆေးတာမျိုးကိုGalton ကဖန်တီးပေးခဲ့တာပါ။ 

ဒါကြောင့်လည်းအဲဒီpoint တွေကိုGalton Points လို့ခေါ်တာဖြစ်ပါတယ်။ Galton ကပေးခဲ့တဲ့အမွေအနှစ်တွေဟာဒီနေ့ခေတ် လက်ဗွေရာ တိုက်ဆိုင် စစ်ဆေးမှုတွေမှာအသုံးဝင်နေဆဲဖြစ်ပါတယ်။သူ့ရဲ့Point တွေရဲ့ location နဲ့orientation တွေကိုအသုံးပြုနေဆဲပါပဲ။ဒါမျိုးကိုminutiae လို့ခေါ်ကြ ပါတယ်။ ကွန်ပျူတာနည်းပညာတွေအားကောင်းလာချိန်ဖြစ်တဲ့၁၉၆၀ခုနှစ်တွေကို ရောက်လာချိန်မှာfingerprint matching သည်အလိုအလျောက်ဖြစ်သွား ပါတယ်။ဒီနေ့ခေတ်မှာတော့FBI ရဲ့Integrated Automated Fingerprint Identification System (IAFIS)ဟာလူသန်း၁၀၀ရဲ့လက်ဗွေရာတွေကို ထိန်းသိမ်း ပေးထားပြီးတစ်နှစ်မှာအဲဒီdatabase ထဲကိုဝင်ရောက်ရှာဖွေမှု ပေါင်းအကြိမ်ရေသန်း၆၀လောက်ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။ ဒီလက်ဗွေရာတွေကိုအကြောင်းပြချက်မျိုးစုံနဲ့စုဆောင်းနေပါတယ်။ မှုခင်းဖြစ်တဲ့နေရာတွေမှာfine powder ဒါမှမဟုတ်reactive chemical တွေတို့သုံးပြီး တော့ရယူနိုင်စွမ်းလည်းရှိသလို၊လူကိုယ်တိုင်ရဲ့လက်ချောင်းကနေတိုက်ရိုက်ရယူလို့လည်းရပါတယ်။ အခုနောက်ပိုင်းမှာဆိုရင်sensor တွေအများအပြား ပါဝင်တဲ့နည်းပညာနဲ့ဒစ်ဂျစ်တယ်ဖမ်းယူသိမ်းဆည်းမှုတွေ ပြုလုပ်နိုင်နေပါပြီ။ အဲဒီလိုလက်ဗွေရာရယူရာမှာoptical, thermal နဲ့capacitance sensor တွေ အပါအ၀င်နည်းပညာတွေအများအပြားကိုအသုံးပြုနေကြပါတယ်။

Credit to www.winkabarkyaw.net

♪ မြန်မာငွေ သိန်း(၉၀၀၀) လောက်ကျသင့်မယ့် HYSEK COLOSSAL နာရီ ♫



https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/04/wwe.jpg?fit=800%2C450&ssl=1

ပြင်သစ်အခြေစိုက် ကမ္ဘာကျော် နာရီ Brand တစ်ခုဖြစ်တဲ့ Hysek က မြန်မာငွေ သိန်း (၉၀၀၀) နီးပါးကျသင့်နိုင်မယ့် Colossal နာရီကို ဖန်တီးမိတ်ဆက်လိုက်ပါတယ်။

ဒီနာရီရဲ့ ပုံစံကိုမြင်တာနဲ့ သာမန်ထက်ပိုပြီး အနုစိတ်ကျကာ ပိုမို ထူးခြားတယ်ဆိုတာ သိမြင်နိုင်မှာပါ။ စက်ပိုင်းဆိုင်ရာ သာထွက်ကားခဲ့တဲ့အချိန်နဲ့ အခု Digital ခေတ် ရဲ့ ကြားက လစ်ဟာနေခဲ့တဲ့ ကွက်လပ်တစ်ခုကို ဖြည့်စွက်ဖန်တီးထားတဲ့ နာရီတစ်ခုရယ်လို့လည်း တင်စားပြောဆိုမှုတွေ ရှိနေပါတယ်။



နီလာ နဲ့ပြုလုပ်ထားတဲ့ လေးထောင့်ပုံစံ ဘောင်မှာ 18K ရှိတဲ့ ရွှေသားကိုဖြည့်စွက်ထားပြီး အစိတ်အပိုင်းပေါင်း (၁၀၈၀) တိတိကို အနုစိတ်ကျကျ ပေါင်းစပ်ဖန်တီးထားတာဖြစ်ပါတယ်။ အသုံးပြုထားတဲ့ နီလာ crystal မှာ anti-reflection treatment ပါဝင်တဲ့အတွက် နေရောင်ထဲမှာလည်း ကြည့်ရှုလို့အဆင်ပြေ မှာဖြစ်ပါတယ်။



အချိန်ကို (၂၄) နာရီ format နဲ့ ပြသရုံမျှမက ၊ နေ့ရက်၊ ရက်စွဲ ၊ လ နဲ့ ရက်ထပ်နှစ် ကိုပါ ပြသမယ့်အပြင် GMT တွေကိုပါ ပြောင်းလဲ သတ်မှတ်နိုင်မှာဖြစ်ပါတယ်။



နာရီရဲ့ ဒီဇိုင်းပုံစံက ခန့်ညားလှပပြီး စွဲဆောင်မှုရှိတဲ့အပြင် ရေအောက် ပေ (၁၀၀) အထိ အသုံးပြုနိုင်မှာဖြစ် ပါတယ်။

အရေအတွက် ကန့်သတ်ထုတ်လုပ်မှာဖြစ်ပြီး ဈေးနှုန်းကိုတိတိကျကျ မကြေညာရသေးပေမယ့် ဒေါ်လာ (၇) သိန်း ကျသင့်နိုင်ဆိုတယ် အရိတ်အမြွက်စကားတော့ထွက်ပေါ်ထားပါတယ်။


credit to www.winkabarkyaw.net